၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၂၈ မိနစ် ) ‌သမီးလေးတွေအတွက် ကိုယ်တိုင် မွေးနေ့ကိတ် လုပ်ပေးခဲ့တဲ့ ချစ်သုဝေ


မနေ့က (ဇန်နဝါရီ၁၉ရက်)က ခေတ်နဲ့သစ်လေးတို့ရဲ့ အသက် (၃)နှစ်ပြည့် မွေးနေ့လေးပါ။
မွေးနေ့မှာ မေမေကိုယ်တိုင် မွေး နေ့ကိတ်လေးတွေလုပ်ထားတာ တွေ့ရပါတယ်။ ချစ်သုဝေက တော့ သမီးလေးတွေအတွက် မွေးနေ့ကိတ်လေးလုပ်ပေးရင်း သူ့ရဲ့ ရင်ထဲက ခံစားချက်လေးတွေကိုလည်း ယခုလို ပြောပြထားပါသေးတယ်။
“ပထမဦးဆုံးကိုယ်တိုင်လုပ်တဲ့ ကိတ်မုန့်လေးဟာသမီးလေးတွေအတွက် မွေးနေ့ကိတ်လေးဖြစ်နေသတဲ့ အရွယ်တစ်ခုရောက်လို့ ဒီ cakeပုံလေးမြင်တိုင်း မေမေ့ရဲ့ရင်ထဲကိုမြင်နိုင်ပါစေ!ဟတ်ပီဘတ်ဒေး မေမေ့သည်းလေးတွေ” ဆိုပြီး ဇန်နဝါရီ(၁၉) ရက်နေ့ မနက်အစောပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
သမီးလေးတွေအတွက် လုပ်ပေးထားတဲ့ မွေးနေ့ကိတ်လေးတွေကလည်း အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ ခေတ်နဲ့သစ်တို့ဟာ ငယ်ငယ်လေးကတည်းက ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားတဲ့အမြွှာညီအစ်မနှစ်ယောက် ပါ။ သူတို့လေးတွေက အရွယ်နဲ့မလိုက်အောင် အသိဉာဏ်လေးတွေ ဖွံ့ဖြိုးတဲ့ ကလေးလေးတွေပါ။
ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရတဲ့ သမီးလေး တွေဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ သမီးလေးတွေကို မေမေချစ်သုဝေတစ်ယောက် ချစ်မဝဖြစ်လို့နေပါတယ်။ အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက် ( ၇) နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန် မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။



Comments