၂၂.၁.၂၀၂၀ ( နံနက် ၇ နာရီ ၂၈ မိနစ် ) အကယ်ဒမီကို voting စနစ်နဲ့ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ နေတိုး


ပရိသတ်တွေချစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင် ကောင်းသူမို့ မှတ်ချက်ကောင်းတွေပဲ အမြဲတမ်း သိမ်းပိုက်ထားသူဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ပရိသတ်တွေသည်းသည်းလှုပ်အားပေးရတဲ့နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်”ဇာတ်ကားကြီးဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုအကြီးအကျယ်ရခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ နေတိုးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အကယ်ဒမီရင်ခုန်သံလေးတွေကိုဖြေကြားသွားခဲ့ပါတယ်။
နေတိုးက လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီ “ပလန်တွေကတော့ ကျွန်တော်တို့က လာမယ့် လထဲမှာ ရုပ်ရှင်တစ်ကားစရိုက်ဖို့တော့ ရှိတယ်ပေါ့နော်။ ဆက်တိုက်ကတော့ ကားတွေရိုက်ဖို့စီစဉ်ထားတာတော့ရှိပါတယ်”လို့ ပြောပြထားပြီး အကယ်ဒမီရင်ခုန်သံကို “ထွေထွေထူးထူးတော့မရှိပါဘူး။ နှစ်တိုင်းလိုပါပဲ။ ပရိသတ်ရဲ့ ထင်မြင်ယူဆချက်လေးတွေသူတို့ရဲ့ အကယ်ဒမီအပေါ်မှာ အမြင်လေးတွေ မျှော်လင့်ချက်လေးတွေတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီပေ့ါနော်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတယ်ပေ့ါနော်။ ပရိသတ်ရဲ့မျှော်လင့်ချက်တွေရှိကောင်းရှိနိုင်တဲ့နှစ်တစ်နှစ်လို့တော့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။ကျွန်တော့်အနေနဲ့ကတော့ ထွေထွေထူးထူးမျှော်လင့်ချက်ဆိုတာတော့မရှိပါဘူး”လို့ ဖြေကြားသွားပါတယ်။
နေတိုးက ဒီနှစ်မှာ ပရိသတ်တွေအားပေးမှုအများဆုံးရခဲ့တဲ့ နှစ်တစ်နှစ်လို့ ယူဆကြောင်းလည်း “ကားတွေများပါတယ်။ ကားတွေများတဲ့အတွက်ကျွန်တော့်အနေနဲ့ကတော့ ကာရိုက်တာတွေတော်တော်များများစုံတဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ပေါ့နော်။ အဓိကကတော့ ကျွန်တော့်ပရိသတ်ဒီဇာတ်ကားတွေပေါ်မှာ ကြည့်ရှုပြီးအားပေးမှုအများဆုံးရခဲ့တဲ့နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်။ ပရိသတ်နဲ့ ကျွန်တော့်ကြားမှာ ကျေနပ်စရာရှိခဲ့တဲ့နှစ်တစ်နှစ်ပါ။ကားတိုင်းလိုလိုကိုတော့ ကာရိုက်တာ ကျွန်တော်နှစ်သက်တယ်ပေ့ါနော်။ ဆိုတော့ တော်တော်များများဇာတ်ကားတွေကိုတော့ ကျွန်တော်နှစ်သက်ပါတယ်”လို့ ပြောပြထားပါတယ်။
နေတိုးက ဒီနှစ်မှာ အကယ်ဒမီကို voting စနစ်နဲ့ ရွေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး “အကယ်ဒမီကို voting စနစ်နဲ့ ပေးမယ်လို့တော့ မကြားမိဘူးခင်ဗျ”လို့ ဖြေထားပြီး အကယ်ဒမီနဲ့ပတ်သက်တဲ့ ခံစားချက်ကို “အကယ်ဒမီကတော့ နှစ်စဉ်နှစ်တိုင်းကတော့ တစ်နည်းမဟုတ်တစ်နည်းကတော့ လူတိုင်းရဲ့ စိတ်ကြိုက်တော့ ဖြစ်မှာမဟုတ်ဘူးပေါ့။ လွဲချော်တယ်လို့တော့ ကျွန်တော့်အနေနဲ့ မသုံးသပ်ချင်ဘူးပေါ့။ အားလုံးနဲ့တစ်ထပ်တည်းဖြစ်လာမယ့် အကယ်ဒမီမျိုးကိုတော့ လူတိုင်းလိုချင်ကြတာပဲပေ့ါ။ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတာကလည်း လောကသဘာဝပဲဆိုတော့ အကယ်ဒမီနဲ့ပတ်သက်ပြီး ထွေထွေထူးထူးဝေဖန်ထောက်ပြစရာတော့မရှိပါဘူး။ ဖြစ်ပေါ်လာတဲ့အပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရမှာပဲပေ့ါ။ ဒီနှစ်ကတော့ ပရိသတ်နဲ့ တစ်ထပ်တည်းဖြစ်နိုင်ကောင်းတယ်လို့တော့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ဖြေကြားထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေတိုးကို အကယ်ဒမီရစေချင်ကြလား။ နေတိုးရဲ့ ချည်ဇာတ်ကားကြီးကိုရော သွားရောက်အားပေးကြည့်ရှုပြီးကြပြီလား။ မကြာခင်မှာ ရုံတင်တော့မယ့် မြက်နုဇာတ်ကားကြီးကိုရော သွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။



Comments