Posts

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၉ မိနစ် ) မာတင်စကော့ဆေးဆေး၏ Killers of The Flower Moon ဇာတ်ကားတွင် လီယိုနာဒိုဒီကာပရီယိုနှင့် ရောဘတ်ဒီနီယိုတို့ ပါဝင်မည်

Image
ဒါရိုက်တာ မာတင်စကော့ဆေးဆေးရိုက်ကူးမည့် Killers of The Fower Moon ဇာတ်ကားတွင် ရောဘတ်ဒီနီယိုနှင့် တွဲဖက်သရုပ်ဆောင်မည်ဟု လီယိုနာဒိုဒီကာပရီယိုက SAG ဆုပေးပွဲတွင် အတည်ပြုခဲ့သည်။ အမေရိကန်ဂျာနယ်လစ် ဒေးဗစ်ဂရန်၏ ဝတ္ထုကို အခြေပြုရိုက်ကူးမည့် ယင်းဇာတ်ကား အတွက် သရုပ်ဆောင်များကို ရွေးချယ်ထားပြီးကြောင်း ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း လီယိုနာဒိုဒီကာပရီယိုက ယင်းဇာတ်ကားတွင် ပါဝင်မည့်အကြောင်းကို ပထမဆုံးအကြိမ် ကိုယ်တိုင်အတည်ပြုခဲ့ခြင်းဖြစ်သည်။ စကော့ဆေးဆေး၊ ဒီနီယိုတို့နှင့် ဇာတ်ကားအတူရိုက်ကူးရမှုသည် ၎င်းအတွက် ကံကောင်းမှုဖြစ်သည်ဟု လီယိုနာဒိုက ပြောကြားခဲ့သည်။ လီယိုနာဒိုသည် မာတင်စကော့ဆေး ဆေးရိုက်ကူးသည့် Gangs of New York, The Aviation The Departed, Shutter Island နှင့် The Wolf of Wall Street ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။ ဒီနီယိုနှင့် This Boy’s Life နှင့် Marvin’s Room ဇာတ်ကားတို့တွင်လည်း တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ စကော့ဆေးဆေး ရိုက်ကူးသော ၁၆ မိနစ်သာကြာသည့် ဇာတ်လမ်းတိုရုပ်ရှင် The Audition တွင်လည်း ရောဘတ်ဒီနီယိုနှင့် လီယိုနာဒိုတို့ တွဲဖက်သရုပ်ဆောင်ဖူးသည

၂၂.၁.၂၀၂၀ ( နံနက် ၇ နာရီ ၂၈ မိနစ် ) အကယ်ဒမီကို voting စနစ်နဲ့ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ နေတိုး

Image
ပရိသတ်တွေချစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင် ကောင်းသူမို့ မှတ်ချက်ကောင်းတွေပဲ အမြဲတမ်း သိမ်းပိုက်ထားသူဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ပရိသတ်တွေသည်းသည်းလှုပ်အားပေးရတဲ့နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်”ဇာတ်ကားကြီးဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုအကြီးအကျယ်ရခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ နေတိုးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အကယ်ဒမီရင်ခုန်သံလေးတွေကိုဖြေကြားသွားခဲ့ပါတယ်။ နေတိုးက လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီ “ပလန်တွေကတော့ ကျွန်တော်တို့က လာမယ့် လထဲမှာ ရုပ်ရှင်တစ်ကားစရိုက်ဖို့တော့ ရှိတယ်ပေါ့နော်။ ဆက်တိုက်ကတော့ ကားတွေရိုက်ဖို့စီစဉ်ထားတာတော့ရှိပါတယ်”လို့ ပြောပြထားပြီး အကယ်ဒမီရင်ခုန်သံကို “ထွေထွေထူးထူးတော့မရှိပါဘူး။ နှစ်တိုင်းလိုပါပဲ။ ပရိသတ်ရဲ့ ထင်မြင်ယူဆချက်လေးတွေသူတို့ရဲ့ အကယ်ဒမီအပေါ်မှာ အမြင်လေးတွေ မျှော်လင့်ချက်လေးတွေတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီပေ့ါနော်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတယ်ပေ့ါနော်။ ပရိသတ်

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၂၈ မိနစ် ) ‌သမီးလေးတွေအတွက် ကိုယ်တိုင် မွေးနေ့ကိတ် လုပ်ပေးခဲ့တဲ့ ချစ်သုဝေ

Image
မနေ့က (ဇန်နဝါရီ၁၉ရက်)က ခေတ်နဲ့သစ်လေးတို့ရဲ့ အသက် (၃)နှစ်ပြည့် မွေးနေ့လေးပါ။ မွေးနေ့မှာ မေမေကိုယ်တိုင် မွေး နေ့ကိတ်လေးတွေလုပ်ထားတာ တွေ့ရပါတယ်။ ချစ်သုဝေက တော့ သမီးလေးတွေအတွက် မွေးနေ့ကိတ်လေးလုပ်ပေးရင်း သူ့ရဲ့ ရင်ထဲက ခံစားချက်လေးတွေကိုလည်း ယခုလို ပြောပြထားပါသေးတယ်။ “ပထမဦးဆုံးကိုယ်တိုင်လုပ်တဲ့ ကိတ်မုန့်လေးဟာသမီးလေးတွေအတွက် မွေးနေ့ကိတ်လေးဖြစ်နေသတဲ့ အရွယ်တစ်ခုရောက်လို့ ဒီ cakeပုံလေးမြင်တိုင်း မေမေ့ရဲ့ရင်ထဲကိုမြင်နိုင်ပါစေ!ဟတ်ပီဘတ်ဒေး မေမေ့သည်းလေးတွေ” ဆိုပြီး ဇန်နဝါရီ(၁၉) ရက်နေ့ မနက်အစောပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ သမီးလေးတွေအတွက် လုပ်ပေးထားတဲ့ မွေးနေ့ကိတ်လေးတွေကလည်း အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ ခေတ်နဲ့သစ်တို့ဟာ ငယ်ငယ်လေးကတည်းက ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားတဲ့အမြွှာညီအစ်မနှစ်ယောက် ပါ။ သူတို့လေးတွေက အရွယ်နဲ့မလိုက်အောင် အသိဉာဏ်လေးတွေ ဖွံ့ဖြိုးတဲ့ ကလေးလေးတွေပါ။ ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရတဲ့ သမီးလေး တွေဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ သမီးလေးတွေကို မေမေချစ်သုဝေ